Logo မှာတင်ရပ်နေတဲ့ Oppo a11w ဖုန်းကို Firmware ပြန်တင်ချင်သူတွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်.။ ကျွန်တော်ကိုတိုင် စမ်းသပ်တင်ထားပြီးတဲ့ အတွက် အာမခံပါတယ်.။
ကဲ-စလိုက်ရအောင်ဗျာ။
ပထမဆုံးအောက်မှာပေးထားတဲ့ Driver နဲ့ Firmware ကိုဒေါင်းလိုက်ပါ။
ပြီးရင် Driver ဖိုင်ကိုဖွင့်ပြီးအထဲက Driver တွေကို အကုန် Install လုပ်ပေးပါ။.အဓိက က ဖုန်းကို ကွန်ပြူတာကသိဖို့ အတွက် Driver ကအရေးကြီးပါတယ်..။အထဲမှာပါတဲ့ Driver တွေကိုအကုန်ထည့်ပေးပါ။ Driver ဖိုင်အတွက် Password ကိုအောက်မှာပေးထားပါတယ်..။
Firmware ဖိုင်ကိုလဲဖြည်ထားပေးပါ။
ပထမဆုံး sp flash tool ကိုဖွင့်လိုက်ပါ။
Scatter-loading ဆိုတဲ့ဖိုင်လေးကိုကလစ်လိုက်ပါ။ပြီးရင်ခုနက Firmware ဖိုင်ကို၇ှာပြီး MT6582_Android_scatter ဒီနာမည်နဲ့ဖိုင်လေးကိုရွေးပေးလိုက်ပါ။ ပြီးရင် flash tool မှာအပုံမှာတွေ့တဲ့အတိုင်း Download only ကို Format all +Download ကိုရွေးပေးလိုက်ပါ။ပြီးရင် ဖုန်းကို Battery ခနဖြုတ်ပြီး ပြန်တပ်လိုက်ပါ။ ပြီးရင် အသံကျယ်တဲ့အပေါ်ခလုပ်ကိုဖိပြီး ကြိုးကိုထိုးလိုက်ပါ။ Sp Flash tool မှာအပေါ်က Download ဆိုတဲ့ မျှားအစိမ်းလေးကို ကြိုးမထိုးခင်အရင်နှိပ်ပြီးမှ ကြိုးကိုဖုန်းနဲ့ ကွန်ပြူတာမှာထိုးလိုက်ပါ။Flash Tool မှာ ဖုန်းကိုသိပြီဆိုရင် သူ့ဘာသာဆက်လုပ်သွားပါလိမ့်မယ် ခနစောင့်လိုက်ပါ။ ပြည့်သွားရင် အမှန်ခြစ်လေးပေါ်သွားပြီးဆို ဖုန်းနဲ့ကြိုးကိုဖြုတ်ပြီး ဖုန်းကိုပါဝါဖွင့်လိုက်ပါ။ပြီးရင် ပေါ်လာတဲ့ အတိုင်အဆင့်ဆင့်ဆက်နှိပ်သွားပါ။အသစ်အတိုင်းဖြစ်သွားတဲ့ အတွက် အထွေအထူးတော့မပြောတော့ဘူးနော်။.လုပ်တက်ကြမှာပါ။ ဒီပုံတွေက လုပ်ပြီးမှ ပုံရိုက်လိုက်မိတဲ့အတွက်အပြည့်အစုံမပါတဲ့အတွက်ခွင့်လွှတ်ပေးကြပါ။နားမလည်ရင် အောက်မှာရေးပေးခဲ့ကြပါ။
Password For Rar -Aungbobooo

အဆင်ပြေကြပါစေ။
ကျန်ခဲ့တာလေးထပ်ထည့်ပါရစေ.။ ဖန်ဝဲတင်ပြီး IMEI ပြန်ရေးတာလေးပါ။ ဖန်ဝဲတင်ပြီးသွားရင်.network error sim card error ပြန်တက်ရင် အောက်ကပုံလေးအတိုင်းပေးထားတဲ့ ဖန်ဝဲ update ဖိုင်ကိုဒေါင်းပြီး sd card ထဲကိုထည့်ပေးပါ။ ပြီးရင်ဖုန်းကိုပိတ်ပြီး ပါဝါခလုပ်နဲ့ အသံ တိုးတဲ့ အောက်ခလုပ်ကိုတွဲပြီးတပြိုင်ထဲနှိပ်ပါ။recovery mode ထဲကိုရောက်သွားရင်အောက်ကပုံလို
English ကိုရွေးပေးပါ။။ပြီးရင်အောက်က install from sd card ကိုရွေးပြီး
ဒေါင်းထားတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ။ဖန်ဝဲupdate လုပ်လို့ပြီးတဲ့အထိစောင့်ပြီး reboot လို့ပေါ်လာရင်နှိပ်ပေးလိုက်ပါ။ဒါဆိုရင် IMEI ပျောက်တာပြန်ရပြီး sim card ထည့်သုံးလို့ရပါပြီ.။
>>IMEI update zip Download <<
>>Driver Full Download <<

0 comments:
Post a Comment